ေသးကိုေျမဩဇာအျဖစ္အသုံးျပဳျခင္း


Unicode
#သေးကိုမြေဩဇာအဖြစ်အသုံးပြုခြင်း

ဒီနေ့ကစပြီးသေးပေါက်ရင်ဘူးလေးနဲ့ခံပြီးစုထားကြပေတော့။😁

သေးကိုမြေဩဇာအဖြစ်သုံးထားတဲ့အပင်တွေဟာသာမန်မြေဩဇာမသုံးတဲ့အပင်တွေထက်လေးဆလောက်သာပါတယ်တဲ့။စီးပွားဖြစ်ထုတ်လုပ်နေတဲ့chemicalတွေထက်တောင်သာပါတယ်တဲ့ဗျာ။
ထင်းပြာကိုပါသုံးရင်ပိုပြီးကောင်းပါတယ်။မြေဆီလွှာချဉ်တဲ့ဟာကိုလျှော့ချနိုင်ပါတယ်။
ထင်းပြာမှာကပိုတက်ဆီယမ်Kပါတဲ့အတွက်အသီးအနှံတွေကိုအထောက်အကူဖြစ်စေပါတယ်။
လေ့လာချက်တွေအရသေးဟာဓာတုဓာတ်မြေဩဇာအစားထိုးအသုံးပြုနိုင်တယ်လို့ဆိုပါတယ်။
သေးကိုမြေဩဇာအဖြစ်သုံးပြီးစိုက်ထားတဲ့အပင်တွေမှာပရိုတိန်း 35-37 ရာနှုန်းထိပိုပါနေတာကိုအံ့အားသင့်ဖွယ်တွေ့ရပါတယ်။
အခြားမြေဩဇာသုံးပြီးစိုက်ထားတဲ့အပင်တွေ၊အသီးတွေနဲ့အရသာလည်းလုံးဝမကွာတာကိုတွေ့ရပါတယ်။
သေးထဲမှာဆိုရင် အပင်အတွက်အဓိကလိုအပ်တဲ့ NPK အပြင်အခြားအနည်းလိုအာဟာရဓာတ်တွေပါဝင်ပါတယ်။
သေးတစ်လီတာမှာဆိုရင်
နိုက်ထရိုဂျင်N 11gms
ဖော့စဖရပ်P 1gm
ပိုတက်ဆီယမ်K 2gm ပါဝင်ပါတယ်။
နိုက်ထရိုဂျင်Nကပင်ပိုင်းကြီးထွားမှုအတွက်၊ဖော့စဖရပ်Pကအမြစ်ဖွံ့ဖြိုးမှုနဲ့အစေ့အဆံအောင်မြင်ဖို့အတွက်၊နောက် ဖော့စဖရပ်P နှင့် ပိုတက်ဆီယမ် K ကအသီးအပွင့်ကြီးထွားမှုအတွက်အထောက်အကူပြုပါတယ်။
ကျန်းမာတဲ့လူတစ်ယောက်ရဲ့သေးဟာ တခြား မစင်လိုမျိုး အရာတွေနဲ့မရောရင် ဘက်တီးရီးယားရော၊ဗိုင်းရပ်စ်ရော ကင်စင်တဲ့အနေအထားမှာရှိပါတယ်။
ဆီးလမ်းကြောင်းဆိုင်ရာရောဂါရှိတဲ့သူတွေရဲ့သေးကိုတော့အသုံးမပြုသင့်ပါဘူး။
နောက်ပြီးတော့ ပဋိဇီဝဆေးနှင့် အခြားဆေးတွေသုံးစွဲနေရသူတွေဆီကနေလည်းမသုံးသင့်ပါဘူး။
အငန်တွေတအားစားတဲ့သူဆိုရင်လျှော့ပြီးတော့စားဖို့လိုအပ်ပါတယ်။
မိသားစုလေးယောက်ရဲ့သေးဟာ မြေဧက 0.35 လောက်ကို နှစ်ပေါက်သုံးစွဲဖို့လုံလောက်ပါတယ်။
သေးကိုလေလုံဘူးထဲမှာပဲစုဆောင်းရပါမယ်။
အဲလိုမဟုတ်ရင် အမိုးနီးယားတွေထွက်လာပြီး နိုက်ထရိုဂျင်ဆုံးရှုံးမှုဖြစ်ပေါ်ကာ အနံ့အသက်တွေထွက်လာပါမယ်။
အပင်တွေမှာအသုံးပြုမယ်ဆိုရင် သေးတစ်ဆကို ရေသုံးဆ၊လေးဆလောက်ရောပြီး အသုံးပြုရပါမယ်။
အပင်ငယ်လေးတွေဆိုရင်ဆယ်ဆလောက်ထိရောရပါမယ်။
ပုံမှန်အသုံးပြုမယ်ဆိုရင်တစ်ပတ်ကိုနှစ်ကြိမ်ထက်ပိုပြီးအသုံးမပြုသင့်ပါဘူး။
သုံးနေရင်းအပင်တွေဝါလာမယ်ဆိုရင်တော့လျှော့ပြီးတော့သုံးပေးရပါမယ်။ရေများများလောင်းပေးရပါမယ်။
ပြောင်းဖူးလိုအပင်မျိုးဆိုရင်တော့တစ်ပတ်ကိုသုံးကြိမ်လောက်ထိသုံးနိုင်ပါတယ်။
အပင်ရဲ့အမြစ်ခြေရင်းမြေဆီလွှာကိုလောင်းပေးရပါမယ်။
အသုံးပြုပြီးရေလောင်းပေးနိုင်ရင်ပိုကောင်းပါတယ်။
အပင်ရဲ့သက်တမ်းနှစ်ပတ်ကျော်လောက်မှစသုံးသင့်ပါတယ်။
မရိတ်သိမ်းခင်နှစ်ပတ်လောက်အလိုမှာတော့ အသုံးပြုခြင်းကိုရပ်နားသင့်ပါတယ်။
ရေလေးဆနဲ့ရောစပ်ထားတဲ့သေးကို ဆယ်ပေပတ်လည်မှာ တစ်ဂါနှုန်း သုံးသင့်ပါတယ်။
ရေရောမထားတဲ့သေးတွေဟာရက်အနည်းငယ်ကြာလာတဲ့အခါအမိုးနီးယားတွေထွက်လာပါတယ်။
အဲဒီသေးတွေကို ကွန်ပို့စ်မြေဩဇာလုပ်ရာမှာသုံးမယ်ဆိုရင် မြန်မြန်ဆွေးမြေ့စေနိုင်ပါတယ်။
အမိုးနီးယားဘက်ပြောင်းလာတဲ့သေးတွေဟာ alkali ဆန်လာပါတယ်။ရှလကာရည်အနည်းငယ်ထည့်ထားပေးမယ်ဆိုရင်တော့ ဓာတ်ငွေ့ထွက်တာ နည်းပါမယ်။
အမိုးနီးယားဘက်ပြောင်းနေတဲ့သေးတွေဟာအပင်ကိုလောင်စေနိုင်ပါတယ်။အဲဒါကိုသုံးပြီး ပေါင်းမြက်တွေကိုသတ်နိုင်ပါတယ်။အပင်ရှိရင်အပင်ပါသေနိုင်ပါတယ်။
ဘက်တီးရီးယားနဲ့မှိုကိုလည်းကာကွယ်နိုင်စွမ်းရှိပါတယ်တဲ့။
အကောင်းဆုံးအချိုးကတော့ 1:10 ပါတဲ့။

ကဲဘာလိုသေးလည်းဗျာ။😁
ဉာဏ်ရှိသလိုသာသုံးကြပေတော့။😁

မေ့တော့မလို့
ဒီနေ့ကစပြီး သေးပေါက်ရင် စုထားကြဖို့ မမေ့ကြနဲ့နော်။
😁

လူသေးကိုသုံးရမှာ အဆင်မပြေရင်
နွားသေးကိုသုံးကြပါ။
ဆက်လက်တင်ပြပေးပါမည်။
Fb Page ကို like and share လုပ်ပေးကြပါအုံး။
www.facebook.com/naturalfarmingmyanmar

#naturalfarmingmyanmar

Zawgyi
ဒီေန႕ကစၿပီးေသးေပါက္ရင္ဘူးေလးနဲ႕ခံၿပီးစုထားၾကေပေတာ့။😁

ေသးကိုေျမဩဇာအျဖစ္သုံးထားတဲ့အပင္ေတြဟာသာမန္ေျမဩဇာမသုံးတဲ့အပင္ေတြထက္ေလးဆေလာက္သာပါတယ္တဲ့။စီးပြားျဖစ္ထုတ္လုပ္ေနတဲ့chemicalေတြထက္ေတာင္သာပါတယ္တဲ့ဗ်ာ။
ထင္းျပာကိုပါသုံးရင္ပိုၿပီးေကာင္းပါတယ္။ေျမဆီလႊာခ်ဥ္တဲ့ဟာကိုေလွ်ာ့ခ်နိဳင္ပါတယ္။
ထင္းျပာမွာကပိုတက္ဆီယမ္Kပါတဲ့အတြက္အသီးအႏွံေတြကိုအေထာက္အကူျဖစ္ေစပါတယ္။
ေလ့လာခ်က္ေတြအရေသးဟာဓာတုဓာတ္ေျမဩဇာအစားထိုးအသုံးျပဳနိုင္တယ္လို႔ဆိုပါတယ္။
ေသးကိုေျမဩဇာအျဖစ္သုံးၿပီးစိုက္ထားတဲ့အပင္ေတြမွာပရိုတိန္း 35-37 ရာႏႈန္းထိပိုပါေနတာကိုအံ့အားသင့္ဖြယ္ေတြ႕ရပါတယ္။
အျခားေျမဩဇာသုံးၿပီးစိုက္ထားတဲ့အပင္ေတြ၊အသီးေတြနဲ႕အရသာလည္းလုံးဝမကြာတာကိုေတြ႕ရပါတယ္။
ေသးထဲမွာဆိုရင္ အပင္အတြက္အဓိကလိုအပ္တဲ့ NPK အျပင္အျခားအနည္းလိုအာဟာရဓာတ္ေတြပါဝင္ပါတယ္။
ေသးတစ္လီတာမွာဆိုရင္
နိုက္ထရိုဂ်င္N 11gms
ေဖာ့စဖရပ္P 1gm
ပိုတက္ဆီယမ္K 2gm ပါဝင္ပါတယ္။
နိုက္ထရိုဂ်င္Nကပင္ပိုင္းႀကီးထြားမႈအတြက္၊ေဖာ့စဖရပ္Pကအျမစ္ဖြံ႕ၿဖိဳးမႈနဲ႕အေစ့အဆံေအာင္ျမင္ဖို႔အတြက္၊ေနာက္ ေဖာ့စဖရပ္P ႏွင့္ ပိုတက္ဆီယမ္ K ကအသီးအပြင့္ႀကီးထြားမႈအတြက္အေထာက္အကူျပဳပါတယ္။
က်န္းမာတဲ့လူတစ္ေယာက္ရဲ႕ေသးဟာ တျခား မစင္လိုမ်ိဳး အရာေတြနဲ႕မေရာရင္ ဘက္တီးရီးယားေရာ၊ဗိုင္းရပ္စ္ေရာ ကင္စင္တဲ့အေနအထားမွာရွိပါတယ္။
ဆီးလမ္းေၾကာင္းဆိုင္ရာေရာဂါရွိတဲ့သူေတြရဲ႕ေသးကိုေတာ့အသုံးမျပဳသင့္ပါဘူး။
ေနာက္ၿပီးေတာ့ ပဋိဇီဝေဆးႏွင့္ အျခားေဆးေတြသုံးစြဲေနရသူေတြဆီကေနလည္းမသုံးသင့္ပါဘူး။
အငန္ေတြတအားစားတဲ့သူဆိုရင္ေလွ်ာ့ၿပီးေတာ့စားဖို႔လိုအပ္ပါတယ္။
မိသားစုေလးေယာက္ရဲ႕ေသးဟာ ေျမဧက 0.35 ေလာက္ကို ႏွစ္ေပါက္သုံးစြဲဖို႔လုံေလာက္ပါတယ္။
ေသးကိုေလလုံဘူးထဲမွာပဲစုေဆာင္းရပါမယ္။
အဲလိုမဟုတ္ရင္ အမိုးနီးယားေတြထြက္လာၿပီး နိုက္ထရိုဂ်င္ဆုံးရႈံးမႈျဖစ္ေပၚကာ အနံ႕အသက္ေတြထြက္လာပါမယ္။
အပင္ေတြမွာအသုံးျပဳမယ္ဆိုရင္ ေသးတစ္ဆကို ေရသုံးဆ၊ေလးဆေလာက္ေရာၿပီး အသုံးျပဳရပါမယ္။
အပင္ငယ္ေလးေတြဆိုရင္ဆယ္ဆေလာက္ထိေရာရပါမယ္။
ပုံမွန္အသုံးျပဳမယ္ဆိုရင္တစ္ပတ္ကိုႏွစ္ႀကိမ္ထက္ပိုၿပီးအသုံးမျပဳသင့္ပါဘူး။
သုံးေနရင္းအပင္ေတြဝါလာမယ္ဆိုရင္ေတာ့ေလွ်ာ့ၿပီးေတာ့သုံးေပးရပါမယ္။ေရမ်ားမ်ားေလာင္းေပးရပါမယ္။
ေျပာင္းဖူးလိုအပင္မ်ိဳးဆိုရင္ေတာ့တစ္ပတ္ကိုသုံးႀကိမ္ေလာက္ထိသုံးနိုင္ပါတယ္။
အပင္ရဲ႕အျမစ္ေျခရင္းေျမဆီလႊာကိုေလာင္းေပးရပါမယ္။
အသုံးျပဳၿပီးေရေလာင္းေပးနိုင္ရင္ပိုေကာင္းပါတယ္။
အပင္ရဲ႕သက္တမ္းႏွစ္ပတ္ေက်ာ္ေလာက္မွစသုံးသင့္ပါတယ္။
မရိတ္သိမ္းခင္ႏွစ္ပတ္ေလာက္အလိုမွာေတာ့ အသုံးျပဳျခင္းကိုရပ္နားသင့္ပါတယ္။
ေရေလးဆနဲ႕ေရာစပ္ထားတဲ့ေသးကို ဆယ္ေပပတ္လည္မွာ တစ္ဂါႏႈန္း သုံးသင့္ပါတယ္။
ေရေရာမထားတဲ့ေသးေတြဟာရက္အနည္းငယ္ၾကာလာတဲ့အခါအမိုးနီးယားေတြထြက္လာပါတယ္။
အဲဒီေသးေတြကို ကြန္ပို႔စ္ေျမဩဇာလုပ္ရာမွာသုံးမယ္ဆိုရင္ ျမန္ျမန္ေဆြးေျမ့ေစနိုင္ပါတယ္။
အမိုးနီးယားဘက္ေျပာင္းလာတဲ့ေသးေတြဟာ alkali ဆန္လာပါတယ္။ရွလကာရည္အနည္းငယ္ထည့္ထားေပးမယ္ဆိုရင္ေတာ့ ဓာတ္ေငြ႕ထြက္တာ နည္းပါမယ္။
အမိုးနီးယားဘက္ေျပာင္းေနတဲ့ေသးေတြဟာအပင္ကိုေလာင္ေစနိုင္ပါတယ္။အဲဒါကိုသုံးၿပီး ေပါင္းျမက္ေတြကိုသတ္နိုင္ပါတယ္။အပင္ရွိရင္အပင္ပါေသနိုင္ပါတယ္။
ဘက္တီးရီးယားနဲ႕မွိုကိုလည္းကာကြယ္နိုင္စြမ္းရွိပါတယ္တဲ့။
အေကာင္းဆုံးအခ်ိဳးကေတာ့ 1:10 ပါတဲ့။

ကဲဘာလိုေသးလည္းဗ်ာ။😁
ဉာဏ္ရွိသလိုသာသုံးၾကေပေတာ့။😁

ေမ့ေတာ့မလို႔
ဒီေန႕ကစၿပီး ေသးေပါက္ရင္ စုထားၾကဖို႔ မေမ့ၾကနဲ႕ေနာ္။
😁

လူေသးကိုသံုးရမွာ အဆင္မေျပရင္
ႏြားေသးကိုသံုးၾကပါ။
ဆက္လက္တင္ျပေပးပါမည္။
Fb Page ကို like and share လုပ္ေပးၾကပါအံုး။
www.facebook.com/naturalfarmingmyanmar

#naturalfarmingmyanmar

Comments

Popular posts from this blog