အသီးအချဉ်ဖောက်ရည်(FFJ)လုပ်နည်း

Unicode
အသီးအချဉ်ဖောက်ရည်ဆိုတာ လူလုပ်ထားတဲ့ပျားရည်လိုပါပဲ။
အပင်ကြီးထွားမှုအတွက်နှိုးဆွတဲ့အင်ဇိုင်းတွေပါဝင်ပါတယ်။
သဘာဝနည်းအတိုင်းစိုက်ပျိုးတဲ့နေရာမှာများစွာအရေးပါပြီးအရမ်းထိရောက်ပါတယ်။
FFJ ဆိုတာ FPJ လိုမျိုး လုပ်ပုံလုပ်နည်းကအတူတူပါပဲ။
အသီးနဲ့အရွက်ပဲကွာပါတယ်။သူ့မှာကအဓိကအသီးကိုများများသုံးတာပါပဲ။
အရွက်တွေလည်းထည့်လို့ရပါတယ်။
အသုံးပြုနိုင်တဲ့ အသီးတွေကတော့ ငှက်ပျော၊သရက်၊သငေ်္ဘာ၊ဖရုံ၊သခွားမွှေး ကြိုက်တာသုံးလို့ရပါတယ်။
အချိုဓာတ်ပါတဲ့အသီးတွေဖြစ်သင့်ပါတယ်။

ပြုလုပ်မယ်ဆိုရင် လိုအပ်တာတွေကတော့

ငှက်ပျောသီး သို့မဟုတ် မိမိအဆင်ပြေရာအသီးများ
သကြားညို
အဖုံးပိတ်လို့ရမယ့်ထည့်စရာအိုး၊ခွက်တစ်မျိုးမျိုး
မွှေစရာ သစ်သားယောက်မတစ်ခုခု
သတင်းစာစက္ကူ သို့မဟုတ်ပလတ်စတစ်အိတ်မဲတစ်ခုခု
ကြိုး


ပြုလုပ်ပုံ
သဘာဝအတိုင်းမှည့်နေတဲ့အသီးနှစ်မျိုးသုံးမျိုးလောက်ယူပါ။ဒီထက်များများ ရှိရင်လည်း များများသုံးပေးပါ။
အရွက်တို့ဘာတို့ရှိလျှင်လည်းထည့်လို့ရပါတယ်။
သပျစ်သီးလိုမျိုး အပင်တွေအတွက် သပျစ်သီးကို သုံးပေးပါ။
တခြားအပင်တွေအတွက်ဆိုသပျစ်သီးကမသင့်တော်ပါဘူး။
အသီးအလေးချိန် 1kg အတွက် သကြားညို 1.2 ကနေ 1.3 kg လောက်အထိသုံးပေးရပါမယ်။
ဆောင်းတွင်းမှာဆိုရင် သကြား 1kg လောက်သုံးရင်ရပါတယ်။
သကြားက စိုထိုင်းဆကိုထိန်းဖို့အတွက် လည်းပါပါတယ်။
ဆောင်းတွင်းမှာ အပူချိန်နည်းတဲ့အတွက် စိုထိုင်းဆကိုထိန်းဖို့ သကြားလျှော့လို့ရပါတယ်။
ပြုလုပ်ရာမှာသန့်ရှင်းမှုဟာအရေးပါပါတယ်။
လက်ကိုသေချာသန့်အောင်ဆေးရပါမယ်။လက်အိပ်သုံးနိုင်ရင်ပိုကောင်းပါတယ်။
အသီးတွေထည့်မယ့်အိုးခွက်ကိုသေချာဆေးပြီးနေလှမ်းအခြောက်ခံပေးပါ။မလိုအပ်တဲ့ပိုးတွေပါမှာစိုးလို့ပါ။
အသီးတွေကိုအတုံးသေးသေးလေးတွေဖြစ်အောင်လုပ်ပါ။
ပြီးရင် သကြားနဲ့နယ်ပါ။
သကြား တဝက်လောက်ချန်ထားပါ။
နယ်ပြီးသားအသီးတွေကိုအိုးထဲထည့်ပါ။
ကျန်နေတဲ့သကြားတွေကို အပေါ်ကဖြူးးလိုက်ပါ။
သစ်သားယောက်မနဲ့  ဖြည်းဖြည်းချင်းမွှေပေးပါ။
ပြီးရင် အိုးအဝကို သတင်းစာစက္ကူ သို့မဟုတ် ပလတ်စတစ် အိတ်နဲ့ ဖုံးပြီး ကြိုးနဲ့ စည်းပေးပါ။
အိုးကိုအရိပ်ရတဲ့နေရာမှာထားပါ။
နွေခါဆိုရင် 4 ရက် 5ရက် ဆောင်းခါဆိုရင် 7 ရက် 8ရက်လောက်ဆို အချဉ်ပေါက်ပါတယ်။
အပူချိန်အနည်းအများနဲ့လည်းဆိုင်ပါတယ်။
ဒီထက်လည်းကြာနိုင်ပါတယ်။
အချဉ်ဖောက်ပြီးသားအရည်တွေကိုအပေါ်ယံကနေသကြားအနည်းငယ်ဖြူ းပြီး အေး၍အရိပ်ရသောနေရာမှာ သိမ်းဆည်းထားပါ။
သုံးမယ်ဆိုရင်ရေအဆတစ်ထောင်လောက်ထိရောပြီးအပင်တွေကိုပက်ဖျန်းနိုင်ပါတယ်။
မြေဆွေးလုပ်ရာမှာလည်းသုံးနိုင်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

 Natural Farming Myanmar
Fb page ကိုလည်း Like & share လေး လုပ်ပေးကြပါအုံး။

Zawgyi
အသီးအခ်ဥ္ေဖာက္ရည္(FFJ)လုပ္နည္း

အသီးအခ်ဥ္ေဖာက္ရည္ဆိုတာ လူလုပ္ထားတဲ့ပ်ားရည္လိုပါပဲ။
အပင္ႀကီးထြားမႈအတြက္ႏိႈးဆြတဲ့အင္ဇိုင္းေတြပါဝင္ပါတယ္။
သဘာဝနည္းအတိုင္းစိုက္ပ်ိဳးတဲ့ေနရာမွာမ်ားစြာအေရးပါၿပီးအရမ္းထိေရာက္ပါတယ္။
FFJ ဆိုတာ FPJ လိုမိ်ဳး လုပ္ပံုလုပ္နည္းကအတူတူပါပဲ။
အသီးနဲ႔အရြက္ပဲကြာပါတယ္။သူ႔မွာကအဓိကအသီးကိုမ်ားမ်ားသံုးတာပါပဲ။
အရြက္ေတြလည္းထည့္လို႔ရပါတယ္။
အသံုးျပဳႏိုင္တဲ့ အသီးေတြကေတာ့ ငွက္ေပ်ာ၊သရက္၊သေဘၤာ၊ဖရံု၊သခြားေမႊး ႀကိဳက္တာသံုးလို႔ရပါတယ္။
အခ်ိဳဓာတ္ပါတဲ့အသီးေတြျဖစ္သင့္ပါတယ္။

ျပဳလုပ္မယ္ဆိုရင္ လိုအပ္တာေတြကေတာ့

ငွက္ေပ်ာသီး သို႔မဟုတ္ မိမိအဆင္ေျပရာအသီးမ်ား
သၾကားညိဳ
အဖံုးပိတ္လို႔ရမယ့္ထည့္စရာအိုး၊ခြက္တစ္မ်ိဳးမ်ိဳး
ေမႊစရာ သစ္သားေယာက္မတစ္ခုခု
သတင္းစာစကၠဴ သို႔မဟုတ္ပလတ္စတစ္အိတ္မဲတစ္ခုခု
ႀကိဳး


ျပဳလုပ္ပံု
သဘာဝအတိုင္းမွည့္ေနတဲ့အသီးႏွစ္မ်ိဳးသံုးမ်ိဳးေလာက္ယူပါ။ဒီထက္မ်ားမ်ား ႐ွိရင္လည္း မ်ားမ်ားသံုးေပးပါ။
အရြက္တို႔ဘာတို႔႐ွိလ်ွင္လည္းထည့္လို႔ရပါတယ္။
သပ်စ္သီးလိုမ်ိဳး အပင္ေတြအတြက္ သပ်စ္သီးကို သံုးေပးပါ။
တျခားအပင္ေတြအတြက္ဆိုသပ်စ္သီးကမသင့္ေတာ္ပါဘူး။
အသီးအေလးခ်ိန္ 1kg အတြက္ သၾကားညိဳ 1.2 ကေန 1.3 kg ေလာက္အထိသံုးေပးရပါမယ္။
ေဆာင္းတြင္းမွာဆိုရင္ သၾကား 1kg ေလာက္သံုးရင္ရပါတယ္။
သၾကားက စိုထိုင္းဆကိုထိန္းဖို႔အတြက္ လည္းပါပါတယ္။
ေဆာင္းတြင္းမွာ အပူခ်ိန္နည္းတဲ့အတြက္ စိုထိုင္းဆကိုထိန္းဖို႔ သၾကားေလ်ွာ့လို႔ရပါတယ္။
ျပဳလုပ္ရာမွာသန္႔႐ွင္းမႈဟာအေရးပါပါတယ္။
လက္ကိုေသခ်ာသန္႔ေအာင္ေဆးရပါမယ္။လက္အိပ္သံုးႏိုင္ရင္ပိုေကာင္းပါတယ္။
အသီးေတြထည့္မယ့္အိုးခြက္ကိုေသခ်ာေဆးၿပီးေနလွမ္းအေျခာက္ခံေပးပါ။မလိုအပ္တဲ့ပိုးေတြပါမွာစိုးလို႔ပါ။
အသီးေတြကိုအတံုးေသးေသးေလးေတြျဖစ္ေအာင္လုပ္ပါ။
ၿပီးရင္ သၾကားနဲ႔နယ္ပါ။
သၾကား တဝက္ေလာက္ခ်န္ထားပါ။
နယ္ၿပီးသားအသီးေတြကိုအိုးထဲထည့္ပါ။
က်န္ေနတဲ့သၾကားေတြကို အေပၚကျဖဴးးလိုက္ပါ။
သစ္သားေယာက္မနဲ႔  ျဖည္းျဖည္းခ်င္းေမႊေပးပါ။
ၿပီးရင္ အိုးအဝကို သတင္းစာစကၠဴ သို႔မဟုတ္ ပလတ္စတစ္ အိတ္နဲ႔ ဖံုးၿပီး ႀကိဳးနဲ႔ စည္းေပးပါ။
အိုးကိုအရိပ္ရတဲ့ေနရာမွာထားပါ။
ေႏြခါဆိုရင္ 4 ရက္ 5ရက္ ေဆာင္းခါဆိုရင္ 7 ရက္ 8ရက္ေလာက္ဆို အခ်ဥ္ေပါက္ပါတယ္။
အပူခ်ိန္အနည္းအမ်ားနဲ႔လည္းဆိုင္ပါတယ္။
ဒီထက္လည္းၾကာႏိုင္ပါတယ္။
အခ်ဥ္ေဖာက္ၿပီးသားအရည္ေတြကိုအေပၚယံကေနသၾကားအနည္းငယ္ျဖဴ းၿပီး ေအး၍အရိပ္ရေသာေနရာမွာ သိမ္းဆည္းထားပါ။
သံုးမယ္ဆိုရင္ေရအဆတစ္ေထာင္ေလာက္ထိေရာၿပီးအပင္ေတြကိုပက္ဖ်န္းႏိုင္ပါတယ္။
ေျမေဆြးလုပ္ရာမွာလည္းသံုးႏိုင္ပါတယ္။

ဆက္လက္ေဖာ္ျပပါမည္။

Natural Farming Myanmar
Fb page ကိုလည္း Like & share ေလး လုပ္ေပးၾကပါအံုး။








Comments

Popular posts from this blog